အတွေးမှတ်စုများ (၂၂)  

Posted by SLIP in



  1. ဘဝ ဆိုတာ လေနဲ့ လှိုင်းတို့ သယ်ဆောင်ရာကို မျောချင်ရာ မျောနေတဲ့ ရေပြင်ပေါ်က ရွက်လှေမဟုတ်၊ တိကျတဲ့ ရည်မှန်းဦးတည်ချက် တစ်ခုတည်းကို အရှိန်ဟုန်နဲ့ ခုတ်မောင်းနေတဲ့ သံလမ်းပေါ်က ရထားတစ်စီး။


  2. ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက ခြေချစရာ သံလမ်းတစ်ခု၊ နောက်တစ်ခုက ခရီးအတွက် လိုအပ်တဲ့ လောင်စာ။


  3. တစ်ခါတစ်ရံမှာ သာယာစိုပြေတဲ့ တောအုပ်တွေကို ဖြတ်သန်းရသလို တစ်ခါတစ်ရံမှာ ခါးသီး ခြောက်သွေ့တဲ့ ကန္ဒာရတွေကိုလည်း ဖြစ်သန်းရမယ်။ ဒါပေမယ့် စိုပြေနေချိန်မို့ ခဏနားနေလို့ မရသလို၊ ခါးသီးနေချိန်တွေကို မြန်မြန်ကျော်လွန်လို့မရဘူး။ ကြုံတွေ့ရသမျှ ကောင်းခြင်း ဆိုးခြင်းတို့ကို သင်ခန်းစာယူရင်း နဲ့ နောက်ဆုံး ရည်မှန်းချက် မရောက်မချင်း မှန်မှန် ခုတ်မောင်းရမှာပဲ။


  4. အခက်အခဲနဲ့ ရှုံးနိမ့်မှုဆိုတာ ခရီးရောက်ချင်တဲ့ ရထားအတွက်တော့ ဇလီဖာတုံးတွေ။


  5. သင် ဆက်ပြီးတော့ ရှေ့မတိုးတော့လျှင် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေလိမ့်မည်။


  6. မနက်ဖြန်သွားရမယ့် ခရီးအတွက် တွေးပြီး မပူပါနဲ့။ ယနေ့ ခရီးကိုပဲ ရောက်အောင်သွားလိုက်ပါ။ ကံကြမ္မာက ကိုယ့်ဘက်က ရပ်တည် လာပါလိမ့်မယ်။


  7. သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်၏။


  8. ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။
    မကြာမီ အကောင်းဆုံးတွေ သင့်ထံ ရောက်လာတော့မယ် ဆိုတာသိပါ။


  9. လမ်းတစ်ဝက်နှင့် ဘယ်တော့မှ မရပ်ပါနှင့်။


  10. ဖြတ်သန်းခဲ့ပြီးတဲ့ ခရီးတွေကလည်း သိပ်အရေးကြီးတယ်၊ မနေ့က လုပ်ခဲ့တာတွေအားလုံးက ဒီနေ့မှာ သမိုင်းပဲ။ သမိုင်းမှာ အမဲစက် တစ်စက်ထင်သွားရင် တစ်ဘဝလုံး စိုးမိုးသွားရော။


  11. နှေးချင်နှေးပါစေ၊ ဖြေးဖြေးပဲ ဆက်သွားပါ။ ခရီးရောက်ဖို့ဆိုတာ နှေးတာ၊မြန်တာ ထက်၊ ရပ်မနေဖို့ပဲလိုတယ်။


  12. တစ်ယောက်ဆင်း၊ တစ်ယောက်တက် လူပေါင်းစုံနဲ့ ပက်သက်ရလိမ့်မယ်။ ခဏပဲ ရပ်ပေးပါ၊ တစ်စုံတစ်ယောက်ကြောင့် တစ်နေရာတည်းမှာ ထာဝရ မရပ်မိပါစေနဲ့။


  13. ငွေကို အရေးထားသူကို ငွေနဲ့ဆက်ဆံ။ မေတ္တာကို တန်ဖိုးထားတဲ့သူကို စေတနာနဲ့ဆက်ဆံ။


  14. လမ်းမှန်အတိုင်း ဖြောင့်ဖြောင့်တန်းတန်း တည့်တည့်သွား။ မှန်မှန်ကန်ကန်ဖြင့် ကိုယ့်လမ်းကိုယ်သွားနေချိန်မှာ ရှေ့က လာပိတ်ရပ်ရင်တော့ နင်းပစ်လိုက်။ သေသွားရင်တောင် ရထားမှာ အပြစ်မရှိဘူး။


  15. ခရီးဆုံးပန်းတိုင်ကို ရောက်ချင်တဲ့စိတ်သာ တကယ်ရှိပါစေ။ မုချရောက်ပါလိမ့်မည်။


  16. အတက်၊ အဆင်းတွေကို ဂရုစိုက်ပါ။ အတက်မှာ နှေးပြီး အဆင်းမှာ မြန်တာက လောကဓမ္မတာပဲ၊ အတက်မြန်အောင်ထက် အဆင်းမှာ အကျနာပြီး တစ်စစီ ပြုတ်မထွက်ဖို့ ပိုအရေးကြီးတယ်။


  17. ရထားတို့ ကံကြမ္မာသည် ခေါင်းတွဲနှင့် လမ်းကြောင်းပေါ်တွင် မူတည်သလို၊ လူတစ်ယောက်၏ ကံကြမ္မာသည်လည်း ခေါင်းသုံးမှုနှင့် ရွေးချယ်ခဲ့သော လမ်းကြောင်းပေါ်တွင် မူတည်သည်။


  18. လှပမှုရယ်၊ ဥာဏ်ပညာရယ်ဆိုတာ ဘယ်တော့မှ အတူတွဲနေရိုး မရှိဘူး၊ လှပမှုတွေကို သတိထားပါ၊ ဥာဏ်ကို လွှာသုံးပါ။


  19. တစ်ကြိမ်မှာ ရည်မှန်းချက် တစ်ခုတည်းကိုသာ ဦးတည်ပါ။


  20. မိမိ၏ လုပ်ရက်တစ်ခုက ရည်မှန်းထားတဲ့ ခရီးဆုံးကို ဦးတည်ချက် ပြောင်းစေနိုင်တယ်လို့ ယုံကြည်လျှင် လျှော့လုပ်ပါ။ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် တိုးလုပ်ပါ။


  21. အသံပေးရမယ့်နေရာ ရောက်မှ အသံထွက်ပါ။ ဘာသံမှ မထွက်ရမယ့်အချိန်တွေ အများကြီးရှိတယ်ဆိုတာကို သတိရပါ။


  22. သင့်ဘ၀ခရီးကို တခြားတစ်ယောက်နှင့် မနှိုင်းယှဉ်ပါနှင့်။ အချိန်တိုင်းက သင့်ခရီး တိုးတက်မှုအတွက်သာ ဖြစ်ပါစေ။


  23. ဘာကိုဦးတည်ပြီး ဘယ်ကိုခရီးဆက်နေမှန်း ကိုယ့်ကိုယ်ကို မသိတဲ့လူတစ်ယောက်အတွက် ရာသီဥတု ဘယ်လောက် သာယာသာယာ၊ လမ်းတွေ ဘယ်လောက် ကောင်းကောင်း အကျိုးမပြုနိုင်ဘူး။


  24. ဘဝဆိုတာ တကယ်ပဲ ရထားတစီး၊ ဘူတာတစ်ခုက နှစ် တစ်နှစ် ဆိုရင်၊ ကျနော် ဘဝ ရထားလည်း သံလမ်းပေါ်မှာ အရှိန်အဟုန်နဲ့ ခုတ်မောင်းရင်း ဒီနေ့မှာပဲ ဘူတာနံပါတ် ၂၅ ကို ဖြတ်သန်းလိုက်ပါပြီ။


  25. Today I'm 25! :)


What is Buddhism? (ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ ??)  

Posted by SLIP in




သိပ္ပံ နှင့် နည်းပညာ ဆိုင်ရာ Idea အချို့  

Posted by SLIP in ,



Idea №.1.


ယနေ့ ကမ္ဘာကြီးရဲ့ သိပ္ပံပညာသည် စက္ကန့်နဲ့အမျှ တိုးတက်လျှက်ရှိရာ တိုးတက်လာသည်နှင့် အမျှ အသုံးအဆာင် ပစ္စည်းအမျိုးမျိုး၊ ယာဉ်အမျိုးမျိုးတို့အတွက် စွမ်းအင်များစွာ လိုအပ်လာသည်။ ကမ္ဘာကြီးတွင် ရှိရှိသမျှ သယံဇာတ ပေါင်းစုံကို ပုံစံအမျိုးမျိုးပြောင်းလဲပြီး လိုအပ်သော စွမ်းအင်ရအောင် သိပ္ပံပညာရှင်တို့ နေ့စဉ်နဲ့အမျှ ကြိုးစားခဲ့ကြသည်မှာ ယနေ့ထိဖြစ်သည်။ စွမ်းအင် ပေါင်းများစွာထဲတွင်မှ အလိုအပ်ဆုံးနှင့် အရေးအကြီးဆုံး စွမ်းအင်မှာ လျှပ်စစ်စွမ်းအင် (Electrical Energy) ဖြစ်ပြီး လှုပ်ရှားသွားလာနေသော ယာဉ်များမှလွဲ၍ ကျန်သည့် နေရာအားလုံးတွင် လျှပ်စစ်စွမ်းကိုသာ အဓိက သုံးစွဲကြရသည်။ လျှပ်စစ်စွမ်းအားသုံးသော ယာဉ်များကိုလည်း တဖြည်းဖြည်း အစားထိုး တီထွင်လျှက် ရှိနေကြပြီဖြစ်သည်။ အချို့ကားများ၊ သင်္ဘောများနှင့် လေယာဉ်ပျံများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့သွယ်တန်းဖို့ မဖြစ်နိုင်သေးသဖြင့် လောင်စာကိုသာ အားကိုးနေရခြင်းဖြစ်သည်။ ကျန်သည့် နယ်ပယ်အသီးသီးအတွက် လျှပ်စစ်စွမ်းအင် တစ်ခုရှိရုံနှင့် ပြည့်စုံလုံလောက်သည်။

လျှပ်စစ်ဓတ်အား (Electricity) သည် လူတို့အတွက် မရှိမဖြစ် အရေးပါလာသည်နှင့် အမျှ လျှပ်စစ်စွမ်းအားကို နည်းမျိုးစုံနှင့် ထုတ်ယူဖို့ သိပ္ပံပညာရှင်တို့ ကြိုးစားလာကြသည်။ ရေအား (Hydropower)၊ လေအား (Wind Power)၊ လောင်စာ (Fuel)၊ အပူနှင့် နေရောင်ခြည် စွမ်းအင် (Solar Energy)၊ ဓာတ်ငွေ့ (Gas)၊ စွန့်ပစ်ပစ္စည်း နှင့် မစင် (Core-Generating)၊ နူကလီးယား (Nuclear Power) စသည့် စွမ်းအင်များမှ လျှပ်စစ်စွမ်းအင်ကို နည်းပညာအမျိုးမျိုးဖြင့် စမ်းသပ် ထုတ်လုပ် အောင်မြင်ခဲ့ကြပြီးဖြစ်သည်။ သို့သော် လုံလောက်မှု မရှိသေးသဖြင့်ယနေ့ချိန်ထိ နည်းပညာအသစ်အသစ်များကို ထပ်မံရှာဖွေနေရသလို လက်ရှိ အသုံးပြုနေသော အရင်း အမြစ် (Sources of Energy) များ ကုန်ဆုံးသွားမည်ကိုလည်း စိုးရိမ်နေကြရသည်။

ထိုအထဲမှာမှ မကုန်ဆုံးနိုင်တဲ့ အရင်းမြစ်ရှိပြီး သိပ္ပံပညာရှင်တို့ လျှပ်စစ်ဓာတ်အားထုတ်ဖို့ စမ်းသပ်လို့ မအောင်မြင်သေးသော စွမ်းအင်တစ်ခုရှိသည်။ ၎င်းမှာ ကမ္ဘာ့ဆွဲအား (Gravitational Force) ပင်ဖြစ်သည်။ Gravitational Constant = 6.674×10−11 N m2 kg−2 ပြီး ကမ္ဘာပေါ်ရှိ အရာဝတ္တုအားလုံးပေါ်တွင် Gravitational Constant သက်ရောက်လျှက် ရှိသည်ကို စာဖတ်သူများအားလုံး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အာကာသတွင်းရှိ ဂြိုဟ်တုများ (Satellites) မှ လွဲပြီး ကျန်သည့် အရာအားလုံးမှာ ကမ္ဘာ့ဆွဲအားထဲ၌သာ ရှိကြတယ်။ သို့ဖြစ်ပါ၍ ကမ္ဘာ့ဆွဲအားမှ လျှပ်စစ်ထုတ်ပေးနိုင်သည့် ကိရိယာ၊ (သို့မဟုတ်) နည်းပညာတစ်ခု ထုတ်နိုင်ပါက ကမ္ဘာကြီးအတွက် များစွာ အထောက်အကူဖြစ်မှာ သေချာပေသည်။ မည်သည့်အခါမှ မကုန်ဆုံးနိုင်သလို လှုပ်ရှားသွားလာနေသော ယာဉ်တွေအားလုံးလဲ လှုပ်ရှားနေရင်းဖြင့် စွမ်းအင်ကို သုံးပြီး ဆက်လက်ရွေ့လျှားနိုင်ကြလိမ့်မည်ဖြစ်သည်။ အခြားသော လျှပ်စစ်ထုတ်သည့် နည်းပညာအားလုံး၏ အားနည်ချက်များကိုလည်း ဖြေရှင်းနိုင်သလို သဘာဝ ပက်ဝန်းကျင်ညစ်ညမ်းမှု၊ လောင်စာစက်ရုံများ နှင့် အခြားလျှပ်စစ်စက်ရုံများ (Generating Station, Power Plant, or Powerhouse) များ ၏ ပေါက်ကွဲမှုများကို လည်း ကာကွယ်ပြီးသားဖြစ်လိမ့်မည်။


Idea №.2.



မနှစ်ကမှ စမ်းသပ် အောင်မြင်ခဲ့သည့် စနစ်တစ်ခုကို ပြောပြပါမည်။ ၄င်းမှာ ကြိုးမဲ့ လျှပ်စစ် ပို့သည့်စနစ် (Wireless Electricity) ဖြစ်သည်။ အခန်းထဲတွင် ယင်း စနစ်ကို သုံးပြီး လျှပ်စစ် အသုံးအဆောင် ပစ္စည်းတွေကို အသုံးပြုနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး၊ အောင်မြင်ခဲ့ပြီးဖြစ်သည်။ ကြိုးတန်းလန်းများ၊ ရှုတ်ရှုတ်ရှက်ရှက်များ၊ ဓာတ်ခဲ (အစို၊ အခြောက်) များနှင့် သုံးစရာမလိုတော့ပေ။ သို့သော် ထိုစနစ်ကို အခန်းတွင်း၌သာ သက်သေပြနိုင်၊ တီထွင်နိုင်သေးရာ အခန်းပြင်မှာ လုပ်နိုင်အောင် တီထွင် သက်သေပြနိုင်ပါက ကမ္ဘာကြီးအတွက် များစွာ အထောက်ကူဖြစ်ပေလိမ့်မည်။ မြို့တစ်မြို့ကနေ တစ်မြို့ သို့ ကြိုးမဲ့စနစ်နဲ့ လျှပ်စစ်ပို့ခြင်း၊ အဆောက်အအုံး တစ်ခုမှ နောက်တစ်ခုသို့ ကြိုးမဲ့စနစ်ဖြင့် လျှပ်စစ်ပို့နိုင်မည်။ ဤသို့ဆိုလျှင် သွားလာဖို့ မည်မျှ ခက်ခဲသည့် ဒေသပင်ဖြစ်စေ၊ မည်မျှ ဝေးကွာသည့်ဒေသပင်ဖြစ်စေ လွယ်လွယ်ကူကူဖြင့် Antenna ထောင်ပြီး လျှပ်စစ်သုံးနိုင်လိမ့်မည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့်နေရာများစွာရှိသည့် နိုင်ငံတို့အတွက် ဓတ်တိုင်များ၊ ဓတ်ကြိုးများ မလိုပဲ နယ်စွန်နယ်ဖျား ဒေသများထိ လျှပ်စစ်ဓတ် ဖြန့်ဝေနိုင်မည်။ ရာသီဥတုနှင့် သဘာဝ ဘေးအန္ဒရာယ်များ၊ ဓာတ်လိုက်ခြင်းများ (Electric Shock)၊ ဝါယာ ရှော့ (Wire Shock) ဖြစ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ပျက်တောက်ခြင်းများနှင့် အခြား အားနည်းချက်ပေါင်းများစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်လိမ့်မည်။





Idea №.3.


မြေအောက် ရထားများ နှင့် မြေပေါ် ရထားများ (Railways and Metros) တွင် နေ့စဉ်ကြုံတွေ့နေသည့် လူသားတို့ အသက်အန္တရာယ်နှင့် ပတ်သက်သော ပြဿနာမှာ ရထားကြိတ်ခံခြင်း ပင်ဖြစ်သည်။ လူသားများ၏ အသက်အန္တရာယ်နှင့် ပါတ်သက်နေသော်လည်း ယင်းပြဿနာကို ဒီနေ့အထိ ကောင်းကောင်း မဖြေရှင်းနိုင်သေးပေ။ မြေပေါ် ရှိရထားလမ်းများတွင် လူနှင့် တိရစ္ဆာတို အသွားအလာရှိသောနေရာများတွင် ခြံစည်းရိုး ကားထားနိုင်သော်လည်း၊ ရထားဘူတာများ (မြေပေါ်ရော၊ မြေအောက်ပါ) တွင်တော့ ရထားလမ်းဘေး ၁ ပေ ခွဲ အကွာတွင် စည်းတားပြီး ရထားမရပ်ခင်ထိ စည်းထဲမဝင်ဖို့ သတိပေးထားခြင်းကိုသာ လုပ်နိုင်ကြသေးသည်။ ၊ ရထားလမ်းများကို ၅ ပေထိ နိမ့်ပြီး ဖောက်ထားခြင်း၊ Camera များနှင့် ရထားရဲ များက သေချာ စောင့်ကြည့်ပြီး ပြင်းပြင်ထန်ထန် အရေးယူမှုများကို လုပ်ကြရသည်။ သို့သော် အကောင်းဆုံးဖြေရှင်းနည်းကို မရနိုင်သေးသလို၊ ရထားကြိတ်ခံရသူတွေ၊ တံခါးညက်ပါ သူတွေက ရှိမြဲ ရှိနေစဲ ဖြစ်သည်။

လူနှင့် ရထား မတော်တဆ ဖြစ်ပွားမှုနှုံးသည် ရထားလမ်း တစ်လျှောက် မှာထက် ဘူတာများတွင်က ၉၀ ရာခိုင်နှုံးပိုများသည်။ မြေပေါ်ရော၊ မြေအောက်ပါ ဘူတာများတွင် ထိုပြဿနာကို ဖြေရှင်းဖို့ နည်းပညာတစ်ခု တစ်ခုတော့ရှိသည်။

ဘူတာရှိ ရထားလမ်းဘေးမှ တားထားသော စည်းအတွင်း၊ ရထားနှင့် ၂၀ စင်တီမီတာ အကွာအကွာအဝေး တစ်လျှောက်တွင် မှန် နံရံတစ်ခု တည်ဆောက်မည်။ ထို ရထား၏ တံခါးများ ဖွဲ့စည်းတည်ဆောက်ပုံအတိုင်း ရထားပေါ်က တံခါးများနှင့် အရွယ်အစားတူ တံခါး များကို ဆက်တိုက် အပြည့် တပ်ဆင်ထားမည်။ ခရီးသည်အားလုံးမှာ ထို မှန်တံခါး နံရံ၏ အတွင်း၌သာ ရထားကို စောင့်ကြရမည်။

ဘူတာတွင်းသို့ ရထားဝင်သည်ပြီးနောက် ရထားရပ်သွားသည်နှင့် ရထားပေါ်မှ တံခါးများ ပွင့်သွားမည်။ တချိန်ထဲမှာပင် ရထားပေါ်က တံခါးများ နှင့် ကပ်လပ်လျှက်ရှိနေသော မှန်တခါး နံရံပေါ်မှ တံခါးများ Sensor စနစ်ဖြင့် Automatic ပွင့်သွားမည်။ ထိုအချိန်တွင် ခရီးသည်များ အတက်အဆင်း လုပ်ကြမည်။ ရထားပေါ်ရှိ တခါးများ ပြန်ပိတ်ချိန်တွင် sensor စနစ်ဖြင့်ပဲ မှန်တံခါးနံရံပေါ်ရှိ ပွင့်နေသော တံခါးအားလုံး Automatic ပြန်ပိတ်သွားကြမည်။ ထို့နောက် ရထားလည်း ခရီးစဉ်အတိုင်း ဆက်လက် ထွက်သွားလိမ့်မည်။

ဤနည်းပညာအတွက် အဓိက လိုအပ်သည်မှာ ယနေ့ခေတ် အဆောက်အဦ အများစု၏ အဝင်ပေါက်များတွင် အသုံးပြုနေသော Sensor System နှင့် Automatic Control System သာဖြစ်သည်။ လောလောဆယ် ဂျပန်နိုင်ငံ ဘူတာ အချို့တွင် စမ်းသပ်တည်ဆောက်ထားပြီး တကမ္ဘာလုံးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ပါက ဘူတာများ၌ လူတို့ သတိကြီးစွာ ထားစရာမလိုတော့သလို ခလေးများနှင့် သက်ကြီး ရွယ်အိုများအတွက်လည်း စိတ်ချနိုင်သည်။ အသက်အန္တာရာယ်များစွာကို ကာကွယ်ပြီးဖြစ်ပြီး စိုးရိမ်မှု ကင်းစွာနှင့် လွတ်လွတ်လပ်လပ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ကြလိမ့်မည်ဖြစ်ပေသည်။






Idea №.4.



၂၀၀၇ စက်တင်ဘာလ တွင် အမေရိကန် သမတ္တ ဂျော့ရှ်ဘု က NAVSTAR GPS စနစ်ကို ၎င်းတို့ ကြိုက်တဲ့အချိန်မှာ ပိတ်ပစ်လမ့်မည်ဟု ကြေညာခဲ့သည်။ ထို အကြောင်းကို ကြိုသိနေသော နိုင်ငံများက NAVSTAR ကဲ့သို့သော GPS စနစ်များကို မိမိတို့နိုင်ငံပိုင် တည်ဆောက်ဖို့ စီမံကိန်း ချခဲ့၊ စတင်တည်ဆောက်ခဲ့ကြသည်။ ရုရှားမှ GLONASS ၊ ဥရောပ သမဂ္ဂမှ Galileo ၊ အိန္ဒိယမှ IRNSS ၊ တရုတ်မှ BEIDOU ၊ ဂျပန်မှ QZSS ဟူ၍ အကောင်ထည်ဖော်ခဲ့ကြသည်။ Satellite System, Navigation System, GNSS Technology & GPS Technology အကြောင်း မြန်မာလို ဖတ်လိုပါက http://www.meepyatite.com/2010/05/satellite-system-navigation-system-gnss.html တွင် စုစည်းရေးသားထားပါသည်။ ကျနော်တို့နိုင်ငံအနေဖြင့် ဂြိုဟ်တု တစ်လုံးတောင် မလွှတ်နိုင်သေးသောကြောင့် GPS Satellite အနည်းဆုံး ၃ လုံး၊ အများဆုံး ၃၀ လုံးကို အသုံးပြုရသည့် နေရာပြ စနစ်ကို တည်ဆောက်နိုင်ဖို့ လက်တလော မဖြစ်နိုင်သေးပေ။ သို့သော် ဂြိုဟ်တုပေါင်းများစွာက မြန်မာနိုင်ငံပေါ်မှ ဖြတ်သန်းသွားရာ Channel အားလုံး ကို ဖမ်းမိနိုင်သော Receiver တစ်ခု တီထွင်နိုင်ပါက ပြည့်စုံပြီဖြစ်သည်။ မြေပြင် Antenna များ တည်ဆောက်ပြီး နေရာပြစနစ်အားလုံးမှ ဂြိုဟ်တုအားလုံးဆီမှ Signal များကို ဖမ်းယူနိုင်သော Receiver ဖြင့် Channel တစ်ခုချင်း ဖမ်းပြီး (တစ်ခု မရ တစ်ခု ဖမ်းပြီး) တည်နေရာကို ရှာဖွေနိုင်မည်။ NAVSTAR က ပိတ်လိုက်လျှင် GLONASS ကို ဖမ်းမည်။ GLONASS ထပ်ပိတ်လျှင် အခြား နိုင်ငံမှ စနစ် ကို ဖမ်းမည်။ ဤသို့ဖြင့် တစ်လိုင်းချင်း ဖမ်းပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ အားလုံး ပိတ်သွားရင်တော့ ကျနော် MACS ဘွဲ့အတွက် လုပ်ခဲ့သော Research အတိုင်း Antenna Navigation System ကို ပြောင်းလဲ အသုံးပြုနိုင်ပေမည်။ ထို့ကြောင့် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ Channel အားလုံးကို ဖမ်းနိုင်သော (Antenna Navigation System ကိုပါဖမ်းနိုင်သော) Receiver တစ်လုံး စမ်းသပ်ထုတ်လုပ်ရန်သာဖြစ်သည်။ အောင်မြင်သွားပါက မြန်မာနိုင်ငံအနေဖြင့် ငွေကုန်ကြေးကျများစွာကို ဖြတ်ကျော်နိုင်ပြီး ပူပင်ကင်းစွာ မည်သည့်နိုင်ငံကိုမျှ ဂရုမစိုက်ပဲ စနစ်ကောင်းတစ်ခုကို သုံးစွဲနိုင်မည်ဖြစ်သည်။




Idea №.5.


Google Map တွင် Right Click ထောက်ပြီး Direction နှစ်ခုကို စာဖတ်သူတို့ ရွေးဖူးကြလိမ့်မည်။ ထိုသို့ရွေးပါက မြေပုံပေါ်တွင် ရွေးချယ်လိုက်သော နေရာနှစ်ခုကို ကားဖြင်၊ ရထားဖြင့်၊ ခြေလျှင်ဖြင့် ဆက်သွယ်သွားလာနိုင်သော လမ်းကြောင်းများကို ပြသပေးသည်။ နောက်ထပ် စနစ်တစ်ခုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မြို့ကြီးအချို့တွင်သာ အသုံးပြုနိုင်သေးသော Traffic Control System ဖြစ်သည်။ ဤစနစ်က မည်သည့်နေရာများတွင် ကားအများဆုံးကြပ်တတ်သည်၊ မည်သည့်မီးပွိင့်များက အမြဲပိတ်ဆို့တတ်သည် ကို အခြေခံပြီး Program ရေးထားခြင်းဖြစ်သည်။ ထိုစနစ်ကို အသုံးပြုပြီး မည်သည့်လမ်းကို ရွေးချယ်သွားပါက ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ကြောင်း သိရှိနိုင်ပေသည်။ ယခု ကျနော် ပြောမည့် Idea မှာ ထိုစနစ် နှစ်ခု ပေါင်းစပ်အခြေခံပြီး တည်ဆောက်ထားသည်။

Receiver တစ်ခုတီထွင် ပြုလုပ်ရမည်။ ၎င်းတွင် မြေပုံနှင့် မြို့များကို အသေးစိတ်ဖော်ပြထားပြီး ယခု မိမိရောက်ရှိနေသော တည်နေရာကိုပါ ဖော်ပြထားရမည်။ ထိုမြေပုံပေါ်သို့ မိမိသွားလိုသော နေရာကို ထောက်လိုက်သည်နှင့် သွားနိုင်သည့် ရှိရှိသမျှ လမ်းကြောင်းအားလုံး ပေါ်လာရမည်။ ထို့နောက် မည်သည့်လမ်းမှ သွားလျှင် မည်မျှ အချိန်ကြာနိုင်မည်ကို ပြသရမည်။ ထို့နောက် Traffic များနှင့် အမြဲတမ်း ယာဉ်ကြောပိတ်ဆို့တတ်သော လမ်းများနှင့် ကြာချိန်များကို Program အတိုင်းတွက်ချက်ပြီး နောက်ဆုံး အရွေးချယ်သင့်ဆုံး၊ အချိန်အတိုဆုံးဖြင့် သွားနိုင်သော လမ်းကြောင်းကို ချက်ချင်း တွက်ထုတ်ပေးရမည့် စနစ်ဖြစ်သည်။

ထိုမျှမပြီးသေး။ အကယ်၍ မိမိသွားလိုသောနေရာက တည်တံ့နေသော အရာမဟုတ်ပဲ ရွေ့လျှားနိုင်သော အရာဖြစ်ပါက တစ်မျိုးတစ်ဖုံ ပြောင်းလဲ တွက်ချက်နိုင်ရမည်။ ဥပမာ - ကျနော်နှင့် ယခု စာဖတ်သူတို့ အချိန်တိုအတွင်း တွေ့ဆုံဖို့ လိုအပ်သည်ဆိုပါဆို့ ကျနော် ရောက်နေသောတည်နေရာနှင့် စာဖတ်သူရောက်နေသော တည်နေရာကို မြေပုံပေါ်တွင် ရွေးချယ်ကြမည်။ ထို့နောက် နှစ်ယောက်လုံးက တစ်ဦးဆီသို့ တစ်ဦး ဦးတည်လာရင်း အချိန်အနည်းဆုံးနှင့် နှစ်ဦးတွေ့ဆုံနိုင်သော တည်နေရာများကို လမ်းကြောင်းများပေါ်တွင် မြေပုံဖြင့် ပြသပေးမည်။ ထို့နောက် အရွေးချယ်သင့်ဆုံး လမ်းနှင့် သွားရမည့် စုံမှတ်ကို တွက်ထုတ်ပေးရမည့် စနစ်ဖြစ်သည်။

နောက်တစ်မျိုးမှာ စာဖတ်သူက ယခုရောက်ရှိနေသာနေရာမှ အခြားတစ်နေရာသို့အသွားတွင် ကျနော်က စာဖတ်သူနှင့် အရေးတကြီး တို့ဖို့လိုအပ်လာချိန်၊ စာဖတ်သူအနေဖြင့်လည်း သွားနေသည့် ခရီးစဉ်ကို ဖြတ်လို့ မဖြစ်ချိန်များတွင် စာဖတ်သူသူ သွားနေရာ လမ်းကြောင်း၌ ကျနော်နှင့် အချိန်တိုအတွင်း နှစ်ဦးလုံးရွေ့လျှားရင်း တွေ့နိုင်သော တည်နေရာတစ်ခုကို ဖြေထုတ် တွက်ချက်ပေးမည့် Program ဖြစ်သည်။

ဤစနစ် အောင်မြင်သွားပါက အချိန်ကြန့်ကြာမှုများစွာကို ကျော်လွားနိုင်ပြီး အရေးကြီးသော အခွင့်အရေးများကို ရယူနိုင်ခြင်း၊ ကယ်ဆယ်ရေးကိစ္စများကို အချိန်မှီ ဆောင်ရွက်နိုင်ခြင်း၊ ကာကွယ်ရေး ကိစ္စများကို အချိန်အနည်းငယ်အတွင်း ထိန်းသိမ်းနိုင်ခြင်းနှင့် အခြားသော ရွေ့လျှားနေသော အရာဝတ္ထုတိုင်း၊ ယာဉ်တိုင်းအတွက် အထောက်အကူ များစွာဖြစ်စေနိုင်ပေသည်။




(ကျနော် Supervisor နှင့် ဆွေးနွေးရင်း၊ Internet ပေါ်မှာ Googling လုပ်ရင်း ရရှိလာတဲ့ Idea တစ်ချို့ဖြစ်သည်။ စာဖတ်သူများ နားလည်မလည်တော့ ကျနော် မသိပါ။ အတက်နိုင်ဆုံးတော့ နားလည်စေမည့် စကားလုံးများဖြင့် ရေးသားထားပါသည်။ အမှားအယွင်းများ ရှိလျှင် သည်းခံပေးရန်နှင့် ပြင်ဆင်ပေးမည့်သူများကိုလည်း ကြိုဆိုပါ၏။ Idea №5 မှာ နောက် လာမည့် Conference အတွက် ကျနော်လုပ်နေသော Research ဖြစ်သည်။ လောလောဆယ် Model အတွက် Matlab နှင့် C# နှစ်ခုသုံးထား ရာ Dynamic နဲ့ ပက်သက်ပြီး ကောင်းကောင်းရေးနိုင်သူများထံမှ အကူညီ လိုနေပါသည်။ ကူညီပေးပါက ထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။ ကျေးဇူးတင်ပါသည်။)

လူငယ်၊ ပညာရေးနှင့် အနာဂါတ်မြန်မာနိုင်ငံ  

Posted by SLIP in

စက္ကန့်နဲ့အမျှ တိုးတက်နေ့သော ယနေ့ အီလက်ထရောနစ် နည်းပညာ ခေတ်ကြီးမှာ လူသားတွေရဲ့ တွေးခေါ်ကြံဆ အကောင်ထည်ဖော်မှုတွေကို လူသားတွေကိုယ်တိုင် လိုက်လို့မမှီနိုင်ဖြစ်နေပါပြီ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲ သာမန်နိုင်ငံများအနေဖြင့် ကြွယ်ဝချမ်းသာသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် ခြေလှမ်းပေါင်းများစွာ နောက်ကျကျန်ခဲ့ရာ ရှေ့တွင်ရှိသော ထိုနိုင်ငံကြီးများကို ကျော်တက်ရန်ဆိုသည်မှာ တတိယအဆင့်၊ ဒုတိယ စဉ်းစားရမည်မှာ အမှီလိုက်ဖို့နှင့် ပထမဆုံး လုပ်ဆောင်ရမည်မှာ ကွာဟနေသော ခြေလှမ်းများကို ဒီထက်ပိုမကွာသွားအောင်နှင့် ကွာဟနေသော ခြေလှမ်းများကို တဖြည်းဖြည်းခြင်း အရေအတွက် နည်းအောင် ကြိုးစားရပေမည်။ ဤသို့ ကြိုးစားရန်မှာ ယနေ့မြန်မာလူငယ်အားလုံးမှာ တာဝန်ရှိပေသည်။ နောင် ၁၀ နှစ်မှာ ကွာဟနေမည့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မြန်မာနိုင်ငံကြားတွင် ရှိသော ခြေလှန်းအရေအတွက်သည် ယနေ့ မြန်မာလူငယ်များအပေါ်တွင် လုံးလုံးလျားလျား မူတည်နေသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့်အတိုင်းပင် ကျနော်တို့နိုင်ငံအနေနှင့် ခြေလှန်းပေါင်းများစွာ နောက်ကျနေရာ အမှီလိုက်ရန်အတွက် သူများ ခြေတစ်လှမ်း လှမ်းချိန်မှာ ကျနော်တို့အနေနဲ့ ၃-၄ လှမ်း လှမ်းနိုင်ဖို့ လိုသည်။ ၃-၄ လှမ်း မလှမ်းနိုင်သေးလျှင်လည်း သူများ တစ်လှမ်း လှမ်းချိန်မှာ သူများထက် နဲနဲ ပိုကျယ်တဲ့ ခြေလှမ်း တစ်ခုတော့ အနိမ့်ဆုံးအဆင့် လှမ်းနိုင်မှ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း အချို့က မလှမ်းနိုင် လှမ်းနိုင်ဖြင့် ခြေတစ်လှမ်းချင်းကို လိမ်ဖယ်လိမ်ဖယ် လှမ်းနေမည်၊ လှမ်းနိုင်တဲ့သူတွေက ခိုကပ်နေမည် (သို့) သူတပါးနိုင်ငံရဲ့ ခြေလှမ်းတွေကို တွန်းအားပေးတဲ့ သံခွာဖြစ်နေမည် ဆိုလျှင်တော့ နောင် ၁၀ နှစ်လည်း မြန်မာနိုင်ငံကြီးမှာ ထူးထူးခြားခြား ရှေ့တိုးသွားမည် မဟုတ်ပေ။

ပထမဆုံးနှင့် အခြေခံအကျဆုံး တည်ဆောက်မှုမှာ တစ်ဦးချင်းစီ၏ ပညာအရည်အချင်း (အသိပညာရော၊ အတတ်ပညာပါ) မြှင့်တင်ရန်၊ ခံယူချက်မြင့်မားရန်နှင့်၊ မျိုးချစ်စိတ်ရှိရန်ဖြစ်သည် (မျိုးချစ်စိတ် ဆိုခြင်းထက် နိုင်ငံတော်ကို ချစ်သည့်စိတ်ဆိုလျှင် ပိုမှန်မည်)။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အဆင့်မှီ နိုင်ငံတစ်နိုင်ငံ ဖြစ်ပေါ်ရေးသာမက အမျိုးသားပြန်လည်သင့်မြတ်ရေးအားလုံးကို ပညာရေးဖြင့် တည်ဆောက်နိုင်ပေသည်။ ပညာမတတ်သေးသောသူများကို ပညာသင်ရန် နားလည်အောင်ပြောပြဖို့လိုအပ်သလို၊ ပညာတတ်ပြီးသား လူငယ်များကလည်း ဆထက်တပိုး ပိုတတ်အောင်ကြိုးစားရန် နှင့် မိမိတတ်ထားသော ပညာဖြင့် နိုင်ငံတော်အတွက် အထောက်အကူပေးရန် လိုအပ်သည်။ နိုင်ငံတော် အတွက် ပညာတတ်ပြီး တစ်စုံတစ်ရာ ဘာမှလုပ်မပေးနိုင်သည့် နိုင်ငံသား မှာ ပညာမတတ်သည့် နိုင်ငံသားတစ်ဦးနှင် နှင့် နိုင်ငံအပေါ် အကျိုးပြုမှု အတိုင်းအတာ အတူတူပင်ဖြစ်သည်။

ယနေ့ခေတ် မြန်မာနိုင်ငံ ပညာရေးနှင့် ပက်သက်ပြီး http://www.meepyatite.com/2009/08/blog-post.html မှာ ကျနော် ရေးသားခဲ့ပြီးဖြစ်သည်။ တောထဲတောင်ထဲမှာ နေသူထက် ရွာထဲမှာနေသူက အသိစိတ်၊ အသိပညာ ပိုရှိသည်။ ရွာမှာနေသူထက် မြို့မှာနေသူက ပိုသာ သလို မြို့ထဲမှာမှ မြို့ကြီးများမှာနေသူများက မြို့နှင့်ချီသော အတွေးများ၊ နိုင်ငံနှင့် ချီသော အတွေးများ တွေးတတ်လာသည်။ ထိုထက်မက နိုင်ငံခြားရောက် လူငယ် ပညာတတ်များက ကမ္ဘာနှင့်ချီပြီး တွေးတတ်၊ မြင်တတ်လာသည်။ ကိုယ့်နိုင်ငံ၏ အားသာချက်၊ အားနည်းချက်များကို သိမြင်လာပြီး အားနည်းချက်များကို မိမိတို့ တက်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်။ မိမိရောက်ရှိနေသောနိုင်ငံ၏ အားသာချက်များ၊ အတုယူစရာများကို မှတ်သားပြီး ကိုယ့်နိုင်ငံသူ နိုင်ငံသားများကို အတုယူဖို့ ပြောပြသင့်သည်။ မိမိတတ်ကျွမ်းသော ပညာဖြင့် မိမိနိုင်ငံတော်ကို ရှေ့ရောက်အောင် တွန်းပို့ရပေမည်။ ”နှမ်းတစ်လုံးနှင့် ဆီမဖြစ်နိုင်” ဟူသော အသိထက် ” နိုင်ငံတော်အတွက် ငါသည် နှမ်းတစ်လုံးဖြစ်ရမည်” ဟူသော အသိက ပိုအရေးကြီးသည်။

ကျနော်တို့နိုင်ငံ ခြေလှမ်းအချို့နောက်ကျခဲ့ခြင်းမှာ နိုင်ငံသားများ၏ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့်မဟုတ်ပဲ သူများ လှမ်းနေချိန်မှာ မလှမ်းပဲ ရပ်နေခဲ့ခြင်းကြောင်းသာ ဖြစ်ကြောင်းကို နိုင်ငံခြားမှာသာမက နိုင်ငံတွင်းမှာ ရှိသော ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်သည်။ နိုင်ငံခြားမှာ မြန်မာတစ်ယောက် အရမ်းထူးချွန်သည့် အခါတိုင်းလည်း မောင်ဖြူ တော်သည်၊ မဖြူ တော်သည် ဟု မည်သူမျှမပြောပဲ မြန်မာတွေ တော်ကြတယ် ဟူ၍သာ သိကြသည်။ မောင်ဖြူ စာရိတ္တကောင်းလျှင်လည်း မြန်မာတွေ အကျင့်ကောင်းတယ်၊ အလုပ်ကြိုးစားလျှင်လည်း မြန်မာတွေ ခိုင်းလို့ကောင်းတယ် ဟူ၍ အသိမှတ်ပြုကြသည်။ ထိုသို့ပင် မဖြူ ညံ့ရင်သော်လည်းကောင်း၊ ကလိမ်ကကျစ်ကျလျှင်သော်လည်းကောင်း၊ ခေတ်ကို ခုတုံးလုပ်ပြီး အပျော်အပါး မက်မောလျှင်သော်လည်းကောင်း၊ ငွေကြေးနောက်ကိုလိုက်ပြီး ကြေးစားမယားတစ်ပိုင်း လုပ်လျှင်လည်းပဲ မြန်မာဆိုတာ ဒါမျိုးပါလား ဟူသော အသိသာ နိုင်ငံခြားသားတို့ ရရှိသွားကြပေမည်။

အရာရာတိုင်းမှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေသောကြောင့် အကောင်းတွေကို တံခါးဖွင့်လိုက်သည်နှင့် အဆိုးတွေကိုပါ ခေါ်ပြီးသား ဖြစ်နေတတ်တာ ထုံးစံဖြစ်သည်။ အရေးကြီးသည်မှာ ရှေ့သို့တွန်းသော ခြေလှမ်းအရေအတွက်က နောက်ကိုပြန်ဆွဲနေသော ခြေလှမ်း၊ ဘေးတိုက်ဆွဲနေသောခြေလှမ်း၊ လုံးဝ မတွန်းသောခြေလှမ်းနှင့် တွန်းသလိုလိုနှင့် ခိုစီးလိုက်ပါနေသော ခြေလှန်းအားလုံး၏ အရေအတွက်ထက် များနိုင်ပါမှ တစ်လှမ်းဆိုလျှင် တစ်လှမ်း သိသိသာသာ ရှေ့သို့ ရွေ့နိုင်လိမ်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ခြေလှမ်းများစွာ နောက်ကျရခြင်းမှာ ခြေထောက် တစ်ချောင်းတည်း ရှိသောကြောင့်လား၊ ခြေရာကောက်ရင်း ခြေရာပျောက်ခဲ့လို့လား၊ စောသေးလို့အကြောပေးခဲ့တာကြောင့်လား၊ တင်းတိမ်ရောင့်ရဲခြင်းကြောင့် နောက်တစ်လှမ်းကို ဆက်မလှမ်းခဲ့တာလား အဖြေအတိအကျသိရဖို့ထက် အဖြေရှာရင်း ခြေလှမ်းတွေ ထပ်ပြီးမကွာစေဖို့ သတိပြုရပေမည်။ ရှေ့နိုင်ငံတွေ လှမ်းသွားသော ခြေလှမ်းများကို လိုက်ရှာရမည်၊ ခြေရာကောက်မိလျှင် မည်သို့လှမ်းသွားကြောင်း သိရအောင် လေ့လာရမည်၊ လေ့လာပြီးနောက် ထိုခြေလှမ်းထက်သာအောင် မည်သို့လှမ်းရမည် ဆိုသည်ကို စဉ်းစားရမည်။ ထို့နောက် ထိုခြေလှမ်းအတိုင်း (သို့) ထိုခြေလှမ်းထက်သာအောင် လိုက်လှမ်းနိုင်အောင် ကြိုးစားရမည်။

ဥပမာ- ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ သုံးတဲ့ နည်းပညာ စနစ်တစ်ခုကို

  • အဆင့် ၁။ System ကို သုံးကြည့်ရမည်၊
  • အဆင့် ၂။ မည်သို့လုပ်ခဲ့ကြောင်း သိအောင် လေ့လာရမည်၊
  • အဆင့် ၃။ ပြုပြင်တတ်အောင် လေ့လာရမည်၊
  • အဆင့် ၄။ ထို System နှင့် တစ်ပုံစံတည်း ပြည်တွင်းမှာ ကိုယ့်အားကိုယ်ကိုး (သို့) ပြည်ပ အကူညီနှင့် လုပ်နိုင်အောင် ကြိုးစားရမည်။ ပြုလုပ်ရမည်။
  • အဆင့် ၅။ မူလ System ထက် သာလွန်သော System တစ်ခု၊ မြန်မာနိုင်ငံ အနေအထား၊ ရာသီဥတုနှင့် လိုက်ဖက်အသုံးဝင်သော System တစ်ခု ကို အကောင်ထည်ဖော်ရန် ကြိုးစားရမည်။ အကောင်ထည်ဖော် ရမည်။
  • အဆင့် ၆။ နိုင်ငံခြား သိပ္ပံပညာရှင်တို့ Research လုပ်နေသော System များ နှင့် Idea များ ကို လေ့လာရမည်။
  • အဆင့် ၇။ ထို Research နှင့် Idea များကို ကိုယ့်နိုင်ငံသားအချင်းချင်း ဖြန့်ဝေရမည်။ စိတ်ဝင်စားလာအောင် နှိုးဆော်ရမည်။ အတွေးတွေကို ရယူရမည်။
  • အဆင့် ၈။ ထို Research နှင့် Idea များကို ဖြစ်နိုင်ကြောင်း (သို့) မဖြစ်နိုင်ကြောင်း မိမိတို့က ဦးစွာ သက်သေပြနိုင်အောင် ကြိုးစားရမည်။
  • အဆင့် ၉။ အကောင်ထည်ဖော်ရမည်။ ဖြစ်သည်။

Spain and World Cup 2010  

Posted by SLIP in









ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ

သံဃံ သရဏံ ဂစ္ဆာမိ

အခြား ကဏ္ဍ

မြန်မာမီဒီယာ

ပြင်ပမီဒီယာ

ဖျော်ဖြေရေး

   

ယခု တွေးခေါ်တတ်သူ()ဦး ဖတ်ရှုနေပါသည်။

Antenna System

Antenna System

WIFI

WIFI

History of movement

History of movement

Wireless System

Wireless System

433MHZ Antenna

433MHZ Antenna

Microcontroller

Microcontroller

မာတိကာ

My Photo
SLIP
အသက်ကတော့ ၂၅ နှစ် ပြည့်ပြီ၊ ကိုယ့်ကိုယ်ကိုတော့ သိပ်ပြီး အားမရသေးဘူး။ အနာဂါတ်ကို တော့ အများကြီး မျှော်လင့် ထား တယ်။ လုပ်ချင်တာတွေ လုပ်နိုင်အောင် လုပ်သင့်တာ တွေကို ဆက်ပြီးလုပ်နေမယ်..။
View my complete profile

My Ph.D Research

My Ph.D Research

Ph.D ကာလ ကျနော် လုပ်နေသော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Satellite Navigation & Traffic Control Systems ကို စိတ်ဝင်စားသူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Navigation Satellite System (GNSS)

Global Navigation Satellite System (GNSS)

NAVSTAR

NAVSTAR

GLONASS

GLONASS

Galileo

Galileo

MATLAB & Simulation

MATLAB & Simulation

My Master Research

Master တက်စဉ်က ကျနော် လုပ်ခဲ့သော Research နှင့် ပါတ်သက် သော စာအုပ် များကို project တူသော ပုဂ္ဂိုလ် များနှင့် Automatic Control System ကို စိတ်ဝင်စား သူများ အတွက် အလွယ် တကူ download ချနိုင်ရန် စုစည်း ပေးထား ပါသည်........။

Global Positioning System (GPS)

GPS-tracker

GPS-tracker

Global System for Mobile communications (GSM)

Global System for Mobile communications (GSM)